သတင်းများ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်တွင်ဆောင်ရွက်မည့် ရေပေးဝေရေး စီမံကိန်းနှင့် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေး စီမံကိန်းရှင်းလင်းပွဲ တက်ရောက်
Sep 09,2021
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်း အဝေးခန်းမတွင် မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရေပေးဝေရေးစီမံကိန်းနှင့် နိုင်ငံတကာအဆင့်မီ ငါးလေလံ ဈေးစီမံကိန်းရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 09,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အား ဩဂုတ်လ(၂၉)ရက်နေ့မှစတင်၍ ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က (၂၀)တွင်  ထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသူများကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့ သက်မွေးပညာသင်တန်းကျောင်း တည်ဆောက်ရေးစီမံကိန်းနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုကြည့်ရှုစစ်ဆေး
Sep 09,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန် ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲ၃ နာရီက မုဒုံမြို့ မြို့မ(၄)ရပ်ကွက်၌ မြေဧရိယာ၂၅ ဒဿမ ၅၇ ဧကတွင် တည်ဆောက်လျက်ရှိသော နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန သက်မွေးပညာ သင်တန်း ကျောင်း(မုဒုံ) တည်ဆောက်ရေးစီမံကိန်းသို့ရောက်ရှိပြီး ပင်မ ၃ထပ်စာသင်ဆောင် ဆောက်လုပ်နေမှုနှင့် Steel Structure Workshop အလုပ်ရုံ တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်၊၊
မုံရွာမြို့နယ်၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ပြည်သူစုစုပေါင်း(၆၇၅၁)ဦးအား ဆက်လက် ထိုးနှံပြီးစီး 
Sep 09,2021
မုံရွာမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကို စဥ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ သြဂုတ်လ(၃၁)ရက်နေ့မှ ယနေ့အချိန်အထိ ဆေးထိုးစုရပ် (၁၂)နေရာခွဲ၍ ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက် ပြည်သူစုစုပေါင်း(၆၇၅၁)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီထံမှ သိရသည်။
ဘုတလင်မြို့နယ်တွင် (ဒုတိယအကြိမ်) ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာ‌‌တော်ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွား များနှင့် ပြည်သူများအား (ဒုတိယအကြိမ် )ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ထိထိုးနှံပေးလျက်ရှိပြီး ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံပီးသူများအနေဖြင့်ဒုတိယအကြိမ်ကာကွယ်ဆေးများထိုးနှံရန် ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကျေးရွာတွင်နေထိုင်လျက်ရှိသော အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများအား  ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Sep 09,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာတွင်နေထိုင်လျက်ရှိသော အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ အား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ် လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် အဖြစ် စက်တင်ဘာ ၈ ရက်နေ့မှ၍ သတ်မှတ်စုရပ်အသီးသီးတွင်  လူမျိုး ဘာသာမရွေး  ထိုးနှံပေး လျက်ရှိကြောင်း သိရ သည်။
မအီမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး     
Sep 09,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဦးညီညီလွင် ဦးဆောင်ပြီး တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်နှင့်ရုံးအဖွဲ့များလိုက်ပါ၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။