မော်လမြိုင်ကျွန်းမြို့နယ်၊ ဓနုံးကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော Multipurpose Shelter ဆောက်လုပ်မှု လုပ်ငန်း ကြည့်ရှု့စစ်ဆေး

မော်လမြိုင်ကျွန်း၊ စက်တင်ဘာ ၉

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စု၊   ဓနုံးကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော Multipurpose Shelter တည်ဆောက်ရေးလုပ်ငန်းအား ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ သွားရောက် ကြည့်ရှူ့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Multipurpose Shelter သည်(၆၀x၇၀) ပေ အကျယ်အဝန်းရှိပြီး တည်ဆောက်မှု လုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည်။ Shelter ဆောက်လုပ်ပြီးစီးပါက ကျေးရွာအုပ်စုများအတွက် သဘာဝဘေးအန္တာရယ် ကင်းဝေးစေရေးအတွက် နေရာတစ်ခုအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး ၊မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ ဦးစီးဌာန ဒေါ်ဇာဇာလင်း၊ မြို့နယ် လမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်နုနုရီ နှင့် မြို့နယ် စည်ပင် သာယာရေးအဖွဲ့ မြို့နယ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေး ကော်မတီအဖွဲ့၀င်များသည်  ဆောက်လုပ် လျက်ရှိသော Multipurpose Shelter (၇၅%) ပြီးစီးမှုအား ကြည့်ရှုစစ်​ဆေးပြီးတာဝန်ယူ ဆောက်လုပ်လျက် အာရှစွန်ယံ ကုမ္ပဏီ လီ မိတက် အားသတ်မှတ်ချိန်အတွင်း အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက်နိုင်ရေး မှာကြားခဲ့ပါကြောင်း သိရှိရသည် ။

သီတာအောင်