သတင်းများ

ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Sep 09,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိအသက်(၆၅)နှစ်နှင့်အထက် ဒေသခံ ပြည်သူများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား စက်တင်ဘာ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို အ-ထ-က၊ မင်းကုန်းတွင် ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသူများအား ယနေ့နံနက်(၉)နာရီမှ စတင်၍ အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဌာနီရှေ့နယ်လုံးဆိုင်ရာ လူမှုကူညီရေးအသင်းသို့ အလှူရှင်မိသားစုက လူနာတင်ယာဉ်တစ်စီးလှူဒါန်း
Sep 09,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဌာနီရှေ့နယ် လုံးဆိုင်ရာ လူမှုကူညီရေးအသင်းသို့ အလှူရှင် မိသားစုက လူနာတင် ယာဉ်တစ်စီးလှူဒါန်းခြင်းကို ယနေ့နံနက်၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်၊ ၉လမ်း၊၇၆လမ်းနှင့် ၇၇လမ်းကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့၌ ပြုလုပ်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာအတွက် အလှူငွေ ကျပ် ၁၀ သိန်းနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်း
Sep 09,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များသည် နောင်ချိုမြို့ သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းသို့ ယမန် နေ့လယ် ၁ နာရီအချိန်က ရောက်ရှိကာ ကိုဗစ် -၁၉ရောဂါကုသရေး စင်တာ အတွက် အလှူငွေများနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေး
Sep 09,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။         
မိုင်းပျဉ်းမြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးဧကပေါင်း ၁၃၃၇၅ ဧက စိုက်ပျိုးပြီးစီး
Sep 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများ ကို အဓိကထားလုပ်ကိုင်ကြရာ ၂၀၂၁-၂၀၂၂ ခုနှစ်၌ မိုးစပါးဧကပေါင်း ၁၃၃၇၅ ဧက စိုက်ပျိုးပြီးစီးထား ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မဘိမ်းမြို့၌ အသက်(၁)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Sep 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အသက်(၁)နှစ်အောက် ကလေးများ အား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်က လေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဆေးခန်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။  
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Sep 09,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင် သီလရှင်ကျောင်း များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်များကို ယနေ့ နံနက်(၈)နာရီခွဲက မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။
ကျောက်ဆည်မြို့၌  မိုးစပါးစိုက်ဧက(၅၂၇၉၉)ဧကအတွက် စိုက်ပျိုးရေများအပြည့်အဝ ပေးဝေလျက်ရှိ
Sep 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပြီး  လျာထားစိုက်ဧကပြည့်မီရေးနှင့် စိုက်ပျိုး‌ရေးလိုအပ်ချက်မရှိစေရေးအတွက် မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေ ပေးဝေ သည့်မြောင်များတွင် ရေပေးဝေသည့်ရက်ပတ်အလိုက် အလှည့်ကျ ပေးဝေးလျက်ရှိကြောင်း သိရှိရသည်။