ရွှေပြည်သာမြို့နယ်တွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများနှင့် ဟိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများအား (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရွှေပြည်သာ စက်တာင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁)ရက်နေ့မှ    စက်တင်ဘာလ (၁၅) ရက်နေ့အထိ (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား   ဦးစားပေးအုပ်စုများ   အလိုက်ဩဂုတ်လ(၂၈)ရက်နေ့မှ စ၍ ကာကွယ် ဆေးများကို (ဒုတိယအကြိမ်)ပြန်လည်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများမှ ဝန်ထမ်းများနှင့် ဟိုတယ်/တည်းခိုခန်းများ မှဝန်ထမ်းများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်ကိုဗစ်ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ကသတ်မှတ်ထားသည့်စုရပ် နေရာများတွင် ကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ဝန်ထမ်းများအား သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊  လိုအပ်သည့်ကူညီမှုများဆောင် ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင် တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန် အခြေအနေ ရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာကျား(၇၆)ဦး၊ မ(၂၄)ဦးစုစု ပေါင်း(၁၀၀)ဦးဖြစ် ကြောင်းသိ ရသည်။

ရွှေပြည်သာမြို့နယ်တွင်အဆိုပါ ကာကွယ်ဆေးထိုးနှံမှုများကို ဦးစားပေးအုပ်စုများ အလိုက်   သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှသိရသည်။

အေးမိုး(ပြန်/ဆက်)