ပန်းတောင်းမြို့နယ် ရေရရှိရေးလုပ်ငန်းများ၊ မြေနေရာရရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေအား ကွင်းဆင်းစစ်ဆေး

ပန်းတောင်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးထွန်းသန်းဇော်နှင့် တာဝန်ခံအင်ဂျင်နီယာတို့သည် ၂၀၂၁/၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်းများ၏ မြေနေရာရရှိမှုနှင့် လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများအား ယမန်နေ့နံက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ရွာသာယာ‌‌ ကျေးရွာအုပ်စု၊ တည်ပင်ကျိုးကျေးရွာ၊ ကျွန်းမီး ကျေးရွာအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာ၊ မကြီးထုံးကျေးရွာအုပ်စု၊ ကွေ့မကျေးရွာ၊ ထောက်ကြံ့ ကုန်းကျေးရွာအုပ်စု၊ ကုတင်ကျင်းကျေးရွာတို့နှင့် ကြိုးကြာကျေးရွာအုပ်စု၊ ကြိုးကြာကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်မည့် မြေနေရာများကို ကျေးရွာ ရေပေးကော်မတီဝင်များ၊ ကျေးရွာကုန်ထုတ်လမ်း လမ်းကော်မတီဝင်များနှင့်အတူ  ကိုဗစ်-၁၉ ရောဂါကာလ လမ်းညွှန် ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)