သတင်းများ

ကျောက်တန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရေးတို့အတွက် သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ရေမြောင်းများ ရှင်းလင်းခြင်းတို့ကို ယမန်နေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm1/5dose(BIBP) အမျိုးအစားအား ဆက်လက် ထိုးနှံပေးသွားမည်
Sep 16,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm1/5dose(BIBP) အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ ပြည်သူများအား ထိုးနှံပေးခြင်းကို ယနေ့မှ အောက်တိုဘာ ၁၁ ရက်နေ့အထိ ဒွါရာဝတီ မြို့နယ်ခန်းမနှင့် သက်ဆိုင်ရာကျန်းမာရေး ဌာနများတွင် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ အခြေခံစားကုန်များကို ရွေ့လျားစျေးကားစနစ်ဖြင့် စျေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေး
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူ စားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၈ နာရီတွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက် အရှေ့ရပ်ကွက်၊ အရှေ့ဗဟိုလမ်း၊ ဆရာစံတောင်ရပ်ကွက်၊ ရတနာလမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာတို့တွင်၊ ဆန်၊ ဆီ သယ်ယူ ပို့ဆောင် ရေးနှင့် ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆိတ်သားနှင့် အမဲသားများကို ဈေးနှုန်း သင့်တင့်စွာ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသူများအား ပထမအကြိမ် ထိုးနှံပေး
Sep 16,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ယမန်နေ့မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနစုရပ်နေရာနှင့် ရွှေပန်းတောကျေးရွာ တိုက်နယ်ဆေးခန်းတို့တွင် ထိုးနှံပေးလျက်ရှိသည်။
ခိုလမ်မြို့၊ အမှတ်( ၁ )ရပ်ကွက်နေ အမျိုးသမီးနှစ်ဦး ထံတွင် ကိုဗစ်-၁၉ရောဂါပိုး Positive ထပ်မံတွေ့ရှိ
Sep 16,2021
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အမှတ်( ၁ )ရပ်ကွက်မှ အမျိုးသမီး ( ၁ )ဦး သည် ချောင်းဆိုးပြီး ခေါင်းမူးသဖြင့် စက်တင်ဘာ ၁၄ ရက်နေ့ နံနက် (၁၁) နာရီ (၃၀)မိနစ် အချိန်တွင် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ ဆေးရုံအုပ်ကြီးမှ Test Keit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး Positive စစ်ဆေး တွေ့ရှိခဲ့ရပါသည်။
ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) မထိုးရဘဲ ကျန်ရှိနေသေးသည့် ပြည်သူ များအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံလျက်ရှိ
Sep 16,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) မထိုးရဘဲ ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် ကျေးရွာအတွင်းရှိ ပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး မြို့နယ်အတွင်းနှင့် နီးစပ်ရာမြို့နယ်များမှ မိဘပြည်သူများအား ရောဂါပိုးရှိမရှိ နေ့စဉ်အခမဲ့စစ်ဆေးပေး
Sep 16,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းနှင့် နီးစပ်ရာမြို့နယ်များရှိ ကိုဗစ်-၁၉ရောဂါ သံသယရှိသူပြည်သူများ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ နေ့စဉ်အခမဲ့ စစ်ဆေးပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်မြင့်မိုရ်အိမ်ရာဓမ္မာရုံရှိ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ရောဂါ ရှာဖွေရေးဌာနတွင် မြို့နယ်နယ်ဆရာဝန်ကြီးနှင့် အောင်မြင့်မိုရ် ကုသရေးစင်တာမှ ဆရာဝန်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထားဝယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူဦးရေ(၅၉၇၀)ဦးအား ဆက်လက် ထိုးနှံပေးမည်
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီ အစဉ်အလိုက်ဒုတိယ အသုတ်ပထမအကြိမ်ကိုယနေ့နံနက်ပိုင်းတွင်ထားဝယ်မြို့၊ မြို့တော်ခန်းမနှင့် ရွှေဝယ်သီရိအားကစားခန်းမ၌ ဆက်လက် ထိုးနှံပေး ခဲ့ကြောင်း သိရ သည်။