အုန်းပင်စုရပ်ကွက်ရှိ အရောင်းဆိုင်များမှ အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသိပေးကြေညာ

တွံတေး စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှု မဖြစ်ပွားစေရေးနှင့် တားဆီးကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ အုန်းပင်စုရပ်ကွက်အတွင်းရှိ စက်မှုဇုန်ပြင်ပ ပုဂ္ဂလိက အရောင်းဆိုင်များမှ အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန် အသိပေးနိူးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက အုန်းပင်စုရပ်ကွက်အတွင်း အသံချဲစက်ဖြင့် အသိပေး နိူးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့  ဆောင်ရွက်ရာတွင်         အုန်းပင်စု ရပ်ကွက်အတွင်းရှိ  စက်သုံးဆီဆိုင်များ၊ ငါးဒိုင်များ၊ ဆန်ဆိုင် များ၊ ရွှေဆိုင်၊ထမင်းဆိုင်၊ မိုဘိုင်လ် ဖုန်းဆိုင်၊ ကွမ်းယာဆိုင်၊တည်ခိုခန်း၊ ကုန်စိမ်း/ ကုန်ခြောက် ဆိုင်၊ နိဗ္ဗာန်ကုန်ဆိုင်၊ ဆေးဆိုင် ၊စက်ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ အထည်ချုပ်၊ အနှေးယာဉ်ဂိတ်များ၊ စက်မှု/လက်မှုအလုပ်ရုံများမှအသက်(၁၈)နှစ်မှ အသက်(၆၅( နှစ်အတွင်းရှိ လုပ်သားများ/ အရောင်းဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာ(၁၇)ရက်နေ့ နံနက်၉နာရီတွင် မြို့နယ် ပြည်သူ့ဆေးရုံ၌ လာရောက်ထိုးနှံကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်အတွင်း အသိပေး နိူးဆော်လျက်ရှိကြောင်း သိရှိရသည်။