သတင်းများ

ကလေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (၈)ရက်မြောက်နေ့ ဆက်လက်ကောက်ယူ
Oct 08,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက စတင်ခဲ့ရာ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (၈)ရက်မြောက်နေ့ ဆက်လက်ကောက်ယူခြင်းများ ဆောင်ရွက်ရာသို့ ကလေးခရိုင် သန်းခေါင် စာရင်းကော်မတီ အဖွဲ့ဝင်များ၊ ကလေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိကြီးအကဲများက ကွင်းဆင်း၍ အနီးကပ်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ရေဘေးသင့်တောင်သူများအား ရက် (၉၀) မျိုးစပါးများပေးအပ်ပွဲ ကျင်းပ
Oct 08,2024
မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ရေဘေးသင့်တောင်သူများအား ရက် (၉၀) မျိုးစပါးများပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ဆုချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Oct 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green Schools Award) ဆုချီးမြှင့်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ပေးအပ်
Oct 08,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရေး၊ မွေးမြူရေး၊ အသားငါးကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ဝင်းစိန်မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်သို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုအား ကြည့်ရှုအားပေး
Oct 08,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့ ၈ နာရီက ရပ်ကွက်/ ကျေးရွာများ၌ ကွင်းဆင်းကောက်ယူလျက်ရှိရာ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများ ဆက်လက်ဖြေဆို
Oct 08,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် KG မှ Grade-12 အထိ ယနေ့နံနက် ၉ နာရီအချိန်၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ တောင်သူများအား သွင်းအားစုကွန်းပေါင်းဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Oct 08,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ ဝါသီနှံတိုးချဲ့ ရေးစီမံကိန်းအရ ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးသော တောင်သူများအား သွင်းအားစုကွန်ပေါင်းဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈:၃၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ရာ ဖိတ်ကြားထားသည့် တောင်သူဦးကြီးများ တက်ရောက်ကြသည်။
ပွင့်လင်းရာသီအမီ တန်ခိုးကြီးဘုရားများနှင့်အထင်ကရနေရာများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်
Oct 08,2024
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်လင်းရာသီအမီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။