ရေပြန်လည်ကျဆင်းသွားသည့် ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးအတွင်း သန့်ရှင်းရေးဆောင်ရွက်
Oct 09,2024
ရေကြီးနစ်မြှုပ်မှုကြောင့် ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးအား ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ရာမှ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သောကြောင့် ဈေးအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ညောင်ရွှေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ ဈေးအတွင်း တင်ကျန်နေသည့် နှုန်းမြေများ၊ ရွှံ့နွံများနှင့် အမှိုက်သရိုက်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲက ဆောင်ရွက်ခဲ့သည်။