ကျိုင်းလပ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုင်းလပ် အောက်တိုဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ ကျိုင်းလပ်မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမြင့်တို့က နမ့်ခင်းအုပ်စု၊ ပန်းပဲကျေးရွာရှိ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍  ကျေးလတ်‌နေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမြင်ကျယ်‌စေရန်နှင့် ကျေးရွာစာကြည့်တိုက်အတွင်း စာပေဖတ်ရှု့သူ များပြားလာစေရေးအတွက် ကျေးရွာတာဝန်ရှိသူများက ပြုလုပ်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)