သတင်းများ

ညောင်တုန်းမြို့နယ်၌ "ဒို့အတူတူမဲပေးကြမည်"ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ "ဒို့အတူတူမဲပေးကြမည်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် အသိပညာပေးဖြန့်ဝေခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Dec 04,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကချင်ပြည်နယ်အတွင်း အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးလိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေးဟောပြောပွဲကျင်းပ
Dec 04,2025
ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်လူငယ်ရေးရာအဖွဲ့တို့ပူးပေါင်း၍ မြစ်ကြီးနားမြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
နာဂဒေသ လဟယ်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Dec 04,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် mountain home ကုမ္ပဏီမှ တင်ဒါအောင်ဆောင်ရွက်ခဲ့သည့် လဟယ်မြို့ဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး မြေထိန်းနံရံ အလျား (၃၅၀)ပေထု (၂) ပေထု၊ အမြင့် (၇) ပေဆောင်ရွက် ခြင်းလုပ်ငန်းနှင့်ခြံစည်းရုံး chain link အရှည် ၅၇၅ ပေ၊ အမြင့် ၅ ပေ ကာရံခြင်း၊ ရုံးသံပန်းတံခါး ၁၅ ပေ၊ ၇ ပေ၊ ၆ ပေ သံပန်းတံခါးတပ်ဆင်ခြင်းလုပ်ငန်းနှင့် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် ကျေးလက်ဒသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ရုံးအဝင်လမ်း အလျား (၂၀၀) ပေအကျယ် (၁၂) ပေ ထု(၇) လက်မထုကွန်ကရစ်ခင်းခြင်း၊ အုတ်တံတိုင်း သံပန်းခြံစည်းရိုး အလျား(၄၁၂)အမြင့်(၆)ပေ တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ထားခြင်းရှိ၊ မရှိကို (၂-၁၂-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေဖွံ့ဖြိုး‌တိုးတက်‌ရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးမှ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေး (Door to Door) စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုအားပေး
Dec 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် သက်ဆိုင်ရာဌာနအလိုက် အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်ဝင် တစ်အိမ်ထွက် (Doot to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုအား ယမန်နေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့​ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်
Dec 04,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့တော်ခန်းမ ၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည်။
ရေဦးမြို့တွင်  ဒို့အတူတူ မဲ ပေးကြမည် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 04,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးရည် ရွယ်ပြီး ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် "ဒို့အတူတူ မဲပေးကြမည်" လက်ကမ်းစာစောင်များကို  စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးခရိုင်၊ ရေဦးမြို့၌ ယမန်နေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများနှင့် ရပ်ကွက်အတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ (၂/၂၀၂၅) ကွန်ပျူတာကျွမ်းကျင်မှု Advanced Course အခြေခံသင်တန်းဖွင့်လှစ်
Dec 04,2025
ဌာနဆိုင်ရာဝန်ထမ်းများအတွက် ယခင်ကွန်ပျူတာ အခြေခံသင်တန်းများအပေါ် အခြေခံပြီးပိုမိုခိုင်မာသည့် နည်းပညာနှင့်စွမ်းရည်များကို တိုးမြှင့်ပေးနိုင်ရန်ရည်ရွယ်၍ Advanced Course ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။