ရွှေပြည်သာမြို့နယ်တွင် "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 04,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ရွှေပြည်သာမြို့နယ်အတွင်းရှိ လူစည်ကားနေရာဖြစ်သော ထန်းခြောက်ပင်လမ်းဆုံရှိ ဈေးဆိုင်များ၊ ကယ်ရီဂိတ်များ၊ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်တို့တွင် ယမန်နေ့ ညနေပိုင်းက စတင်ဖြန့်ဝေပေးသည်။