သတင်းများ

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ
Dec 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပလျက်ရှိသည်။
မအူပင်မြို့၌ ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဒို့အတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းက လူစည်ကားသည့်နေရာများဖြစ်သည့် ဘုရားလမ်းထိပ်၊ နာရီစင်ရှေ့နှင့် မြို့မဈေးကြီးအတွင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး၍ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Dec 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိမြို့ နယ်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ ကျင်းပ
Dec 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၌ စတင်ကျင်းပလျက်ရှိသည်။
တောင်သာမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကျင်းပ
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းမှ စတင်၍ တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Dec 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက ကျော်ဇံကျေးရွာနှင့်ကျိုက်ပိကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး  Door to Door ဆောင်ရွက်နေမှုအား တိုင်းရင်းသားရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 04,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ရွာသစ် ရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်များ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး Door to Door ကွင်းဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဘိုကလေးမြို့နယ်၏ မဲစာရင်းမှန်ကန်ရေး တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး
Dec 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မဲစာရင်းများမှန်ကန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် မြို့နယ်ဌာနဆိုင်ရာများဖြင့်ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များမှ မြေပြင်လူဦးရေစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ယနေ့ နေ့လယ် (၂) နာရီခွဲအချိန်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။