သတင်းများ

တောင်သာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 04,2025
တောင်သာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ပြည်သူများ အားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က လူစည်းကာရာ တောင်သာနာရီစင်အနီး၊ တောင်သာ-ကျောက်ပန်းတောင်လမ်းနှင့်တောင်သာ-မလှိုင်ကားလမ်းမပေါ်နှင့် တောင်သာ(အ.ထ.က)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်နှင့်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Dec 04,2025
တောင်သာမြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းများကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးနှင့် မဲရုံများ၏ ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေး
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ယနေ့နံနက်ပိုင်းက စတင်ကာ ချမ်းမြသာယာရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် မဲရုံများ၏ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” လှုံ့ဆော်မှုစာစောင်များ ဖြန့်ဝေ
Dec 04,2025
ဒီဇင်ဘာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊‌ အောင်‌မြေသာစံမြို့နယ်၊‌ ညောင်ပင်‌ဈေးအနီး၌ ဖြန့်ဝေကြကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲ (ဒုတိယမြောက်နေ့)ကျင်းပ
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ (ဒုတိယမြောက်နေ့)အဖြစ် မြို့နယ်ပညာရေးမှူးဌာနမှ ကြီးမှူး၍ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက်(၉)နာရီတွင် အထွေထွေဗဟုသုတနှင့်နေ့လယ် (၁)နာရီတွင် လူတွေ့နှုတ်ဖြေတို့ဖြင့် ယှဉ်ပြိုင်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် လူရည်ချွန်စာမေးပွဲ ပြုလုပ်
Dec 04,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ် အခွန်ဆိုင်ရာဆွေးနွေးပွဲပြုလုပ်
Dec 04,2025
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်မြေသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက အခွန်ဆိုင်ရာဆွေးနွေးပွဲကို ဒီဇင်ဘာလ ၄ရက်နေ့ နံနက်  ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊‌ အောင်‌မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၆၅လမ်း၊ ၂၂×၂၃ လမ်းကြား တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆို
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂၇) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။