မိုးညိုမြို့နယ်၌ တက်ငွေထွန်းအသေးစားချေးငွေလုပ်ငန်း အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်

မိုးညို မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ အောင်ဆုပန်စေတီတော်မြတ်ကြီးဝင်းအတွင်းရှိ ဓမ္မာရုံ၌ "တက်ငွေထွန်း" အသေးစားချေးငွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

ဦးစွာ တက်‌ငွေထွန်းအသေးစားချေးငွေလုပ်ငန်း သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးအေးကျော်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ကျော်၊ သမဝါယမအသင်းစုကိုယ်စားလှယ်တို့က အမှာစကားပြောကြားသည်။ ထို့နောက် အသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ တင်ပြသည့် အမှုဆောင်ကော်မတီ၏ အစီရင်ခံစာတင်သွင်းခြင်းနှင့် အတည်ပြုချက်များရယူခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ အသားတင်အကျိုးငွေခွဲဝေခြင်းတို့ကို ဖတ်ကြားရှင်းလင်းခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ ပြုလုပ်ခဲ့ပြီး အသင်းသားများမှ ပြန်လည်မေးမြန်းတင်ပြခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားပြီး အသင်းသားများသို့ ဆု‌ဆောင်းငွေ‌ပေါ်အမြတ်များ ခွဲ‌ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)