သတင်းများ

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး
Nov 28,2021
ယနေ့တွင်ကျရောက်သည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဝိုင်အမ်ဘီ အေအသင်း(မော်လမြိုင်)၏သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီး သွေးလှူဘဏ်တွင်ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီး နှင့်ဆေးရုံအုပ်များ၊ ရောဂါဗေဒဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ သွေးလှူဘဏ်မှ ကျန်းမာရေးဝန်ထမ်းများ၊ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝိုင်အမ်ဘီအေအသင်းမှ အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်အားပေးသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Nov 28,2021
(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အထက(၂၇) ကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
တာမွေမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် " (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံ လမ်းခွနေရာများအပါအဝင် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အိမ်မဲမြို့နယ်အထက(၁)ကျောင်း၌ (၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက(၁)ကျောင်း ရွေညီလာခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Nov 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ၁နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ် ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်များပြသခြင်း ပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။
နာဂဒေသ၊ ထန်ပါခွေမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Nov 28,2021
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်အတွင်း၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ ၃၅၀ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး
Nov 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း (မန်စံ)၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
လသာမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်​ရေး အသိပညာ​ပေး Mask Campaign​ပြုလုပ်
Nov 28,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှတာ၀န်ရှိသူများပါ၀င်​သော ပူးပေါင်းအဖွဲ့သည် ယမန်​နေ့နံနက် ၈နာရီခွဲအချိန်က ကိုဗစ်-၁၉​ရောဂါတားဆီးကာကွယ်​ရေး အသိပညာ​​ပေး Mask Campaign​ ပြုလုပ်ခဲ့​ကြောင်းသိရသည်။