ပိုင်ကျုံ နိုဝင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ၁နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ် ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်များပြသခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်၊ စာစောင်ပြသပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ခူးခူးက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးငယ်များ အနေဖြင့် ဆေးရောင်များ၏ သဘောတရားနှင့် အရောင်စပ်ပုံအကြောင်းများ သိရှိစေရန်၊ သဘာဝပတ်ဝန်းကျင် အရောင်အသွေး အပေါ် စူးစမ်းလေ့လာနိုင်စွမ်း မြင့်မားလာ စေရန်နှင့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်း ပိုမိုသိရှိနိုင်စေရန် ၂၀၂၁ နိုဝင်ဘာလထုတ် အတွဲ (၁၈)၊ အမှတ် (၂၂) ဒို့ကျေးရွာဂျာနယ်မှ အမျိုးသား အောင်ပွဲနေ့နှင့် အမျိုးသားရေးစိတ်ဓာတ်ဆောင်ပါး ဖတ်ကြားပေးခြင်းများ ပြုလုပ် ပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက်ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို တာဝန်ရှိ သူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။ ပိုင်ကျုံ(ပြန်/ဆက်)