သတင်းများ

သန်လျင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၄၀ နှစ်အထက် ရှိသူများအား ယနေ့ နံနက်ပိုင်းက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၄၂ဝ၅ ဦးအား ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေး
Dec 14,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူ ၄၂ဝ၅ ဦးအား ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး ကြောင်း သိရသည်။
သုံးခွမြို့နယ်နေ ပြည်သူများအား Mobile Vaccination ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ဆက်လက် ထိုးနှံပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေ
Dec 14,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၌ ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် အစုသုံးစုခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန်က လမ်းသွားလမ်းလာ ပြည်သူများ၊ ရပ်ကွက်‌ ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင်၊မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၀၄:၀၀)နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
မြင်းခြံမြို့နယ်တွင် ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 14,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် ပဉ္စမအသုတ် ပထမအကြိမ် အဖြစ် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံ နှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ(၉)ခုနှင့်
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင်စာဖတ်ဝိုင်းပြုလုပ်
Dec 14,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန Community Centre ရုံးခန်းမ၌ ဒီဇင်ဘာ(၁၄) ရက်နေ့ နေ့လည်(၁၁)နာရီက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ"တက်တိုး"၏ "ကျွန်တော့်အတွေးအခေါ် မှတ်စုများ" စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက် လျက်ရှိှိရာ ယနေ့နံနက်ပိုင်းက ပေါက်ကုန်းကျေးရွာနှင့် ဓနတိုးကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွ နေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားအမှတ် ၆၂၉ နှင့် ၆၂၈ ပတ်ဝန်းကျင်တို့၌ သန့်ရှင်းရေး ပြုလုပ်
Dec 14,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် ၆၂၉ ၊ ဘုရားအမှတ် ၆၂၈ ဘုရားအတွင်းအပြင်တို့တွင် ညောင်ဦးမြို့နယ် ဖောင်ဖွဲ့ရေးရုံးဝန်ထမ်းများနှင့် ပလင်းဆင်စခန်းရှိ ဆင်ထိန်းဝန်ထမ်းများက ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။