အိမ်မဲမြို့နယ်အထက(၁)ကျောင်း၌ (၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

အိမ်မဲ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက(၁)ကျောင်း ရွေညီလာခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို  အ.ထ.က(၂) ကျောင်းသား/သူများက ဇာတိမာန် သီချင်းဖြင့် ဂုဏ်ပြုတင် ဆက်ခဲ့သည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခိုင်ထွန်းဇော်က ဖတ်ကြားပေးခဲ့သည်။

ဆက်လက်ပြီးအမျိုးသားအောင်ပွဲနေအထိမ်း အမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသောကျောင်းသား/သူ (၁၂)ဦးနှင့်သီချင်းများဖြင့်ဂုဏ်ပြုတင်ဆက်ပေးသော ကျောင်းသား/သူများအားတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြောင်းသိရသည်။

ယင်းနောက် အထက (၁) ကျောင်းသား / သူများက မြန်မာ့ကျောင်း သီချင်းဖြင့် တင်ဆက်ကာအခမ်း အနားရုတ်သိမ်း ခဲ့ကြောင်းသိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)