လသာ နို၀င်ဘာ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှတာ၀န်ရှိသူများပါ၀င်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၈နာရီခွဲအချိန်က ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်နှင့် အဖွဲ့၀င်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၀င်များ ၊မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိ သူများ ၊အမှတ်(၄၇) ယာဥ်ထိန်းရဲတပ်ဖွဲ့ စုမှတပ်ဖွဲ့စုမှူးနှင့်အဖွဲ့၀င်များ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာ၀န်ရှိသူ များ သည် လသာမြို့နယ်အတွင်းရှိ စျေးများ၊လမ်းဘေးစျေးသည်များ၊လမ်းသွားလမ်းလာပြည်သူများအားကိုဗစ်- ၁၉ရောဂါ တားဆီး ကာကွယ်ရေးအတွက် MasKများစနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၃)ပေခန့် ခပ်ခွာခွာတန်းစီစျေး၀ယ်ရန်၊စျေးသည်များအနေဖြင့် MasKတပ်ဆင်ခြင်းအပြင် လက်အိတ်၊ခေါင်းစွပ်များ တပ်ဆင်အသုံးပြုရန်နှင့် မိမိဆိုင်တွင် လက်သန့်ဆေးရည်များထားရှိ၍စျေး၀ယ်သူများအားလက်ဆေးစေရန်တိုက်တွန်းနှိုးဆော်ခဲ့ပြီး Mask များ အခမဲ့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြိုနယ် ( ပြန်/ဆက်)