ပြည်ကြီးတံခွန်မြို့နယ်တွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၈

(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အထက(၂၇) ကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

အခမ်းအနားကို အ.ထ.က(၂၇)ကျောင်းမှ ကျောင်းသားကျောင်းသူကလေးများက မြန်မာ့ကျောင်းသီချင်း သီဆို၍ ဖွင့်လှစ်သည်။ ထို့နောက် ပြည်ကြီးတံခွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအားဖတ်ကြားသည်။ ယင်းနောက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသားကျောင်းသူကလေးများက မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းနိုင် နှင့်တာဝန်ရှိသူများ က ဆုများပေးအပ် ချီးမြှင့်သည်။

အခမ်းအနားသို့ ပြည်ကြီးတံခွန်မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ကျောင်းသားကျောင်းသူကလေးများနှင့်၎င်းတို့၏ မိဘများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဝေသော (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း