သတင်းများ

ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည် နှိုးဆော်မှုများ ဆောင်ရွက်
Nov 26,2021
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်(၁၁)နာရီအချိန်တွင် အင်းနက်ကျေးရွာ၌ အသိပညာ ပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ အများပြည်သူ သိရှိလိုက်နာနိုင်စေရန် ဒေသန္တရအမိန့်ထုတ်ပြန်
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ရည်ရွယ်၍ ဆိုင်ကယ်စီးနင်း မောင်းနင်သူများ သိရှိလိုက်နာနိုင်စေရန်အတွက် ယမန်နေ့က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝက်လက်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင်များကို ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ကျောင်းသား၊ ကျောင်းသူများ ကို ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများကို ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာအသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်းဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေး
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝင်းရွှေ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦးတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်း ဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ဖျာပုံခရိုင်(၄)မြို့နယ် အမှုထမ်းအဆင့်ဝန်ထမ်းအသစ်လုပ်ငန်းခွင်ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင် (၄)မြို့နယ် အမှုထမ်းအဆင့်ဝန်ထမ်းအသစ်လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသည်။
မင်္ဂလာဒုံမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အ.ထ.ကကျောင်း၊ မူလတန်းကျောင်းများနှင့် လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်၊ ဆိုက်ကားဂိတ်၊ စျေးများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ဆောင်းတွင်းရာသီစာအဖြစ် ဒေသထွက် တင်းဝါးများ ရောင်းအားကောင်း
Nov 26,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်ရပ် ပဒါန်း-ငဖဲ ကားလမ်းဘေးတွင် နေထိုင်ပြီး ဆောင်းတွင်းရာသီစာအဖြစ် ဒေသထွက် ကောက်ညှင်းကျည်တောက်(ခ) တင်းဝါးများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချရာ ရောင်းအားကောင်း၍ စီးပွားရေး အဆင်ပြေနေကြောင်း သိရသည်။