မင်းတုန်းမြို့နယ် ဝန်တွင်းကျေးရွာတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဝန်တွင်းကျေးရွာ၌ ယမန်နေ့နံနက် ၉ နာရီက တောင်သူ ဦးဆန်းဝင်း၏ လယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းဦးက မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။