ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်းဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေး

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝင်းရွှေ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦးတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်း ဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးဝါပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ ဦးဆောင်သော တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆေးဆိုင်လုပ်ငန်းရှင်များ အနေဖြင့် ဆေးဝါး ပစ္စည်းများ ရောင်းချရာ၌ ပြည်သူလူထု ဘေးအန္တရာယ် မဖြစ်စေရေးအတွက် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများနှင့် သက်တမ်းလွန်နေသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်၊ အလှကုန်ပစ္စည်းဆိုင်များသို့ စစ်ဆေးရာတွင်လည်း တားမြစ်ဓာတုပစ္စည်း ပါဝင်နေသော အလှကုန်ပစ္စည်း(၂)မျိုး ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးပြီး စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်/ဆက်)