ပုသိမ် နိုဝင်ဘာ ၂၉
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပုသိမ်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းများ၊ မြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် "နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့" ဆောင်ပုဒ်နှင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အေးအတူပူအမျှ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည့် ပညာရေးကဏ္ဍ အရေးကြီးကြောင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏အမည် စသည်များနှင့် ရေနံ့သာမောင်ကျော်ညွှန့်ရေးသားသည့် "ဘုန်းရှင့်မြန်မာ တို့မြန်မာ" ကဗျာများ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ တွင် ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းအဖွဲ့ဥက္ကဋ္ဌနှင့် ပညာရေးဌာနမှ ကျောင်း အုပ်(ငြိမ်း)များ၊ ပုသိမ်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုး သားနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ယနေ့လူငယ်၊ လူရွယ်များအတွက် ထားရှိရမည့် အမျိုးသားနိုင်ငံ ရေးစိတ်ဓာတ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်နုနုရီက (Moder ater) အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို ပုသိမ်ခရိုင် ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်တင်ဆက်ကြောင်း သိရသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)