ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မုန့်ကိုက်ပြိုင်ပွဲကျင်းပ

ကျောက်ဖြူ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် မုန့်ကိုက်ပြိုင်ပွဲအား ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင် တင်ကြည်က မုန့်ကိုက်ပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို အနာဂတ် မျိုးဆက်သစ် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ သိရှိပြီး ဗဟုသုတများရရှိစေရန် ‌အသိပညာပေး ပြောကြားခဲ့သည်။

ယင်းနောက် မုန့်ကိုက်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့မှ သတ်မှတ်အုပ်စုအလိုက် အဖွဲ့များဖွဲ့၍ စိတ်ပါဝင်စားပျော်ရွှင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း