ဒဂုံ (ဆိပ်ကမ်း) နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မသန်စွမ်းများအား ကူညီထောက်ပံ့ရန်အတွက် စာရင်းများ ကောက်ယူခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့ဝင် စေတနာ့လုပ်အားရှင်များမှ ရပ်ကွက်ကျေးရွာများအတွင်း တစ်အိမ်တက်ဆင်း စာရင်း များ လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။
စာရင်းကောက်ယူရရှိသည့် အိမ်ထောင်စုဦးရေမှာ (၄၇၈) အိမ်ထောင်စုဖြစ်ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၆)ရပ်ကွက်၊ ကျေးရွာ (၄)ရွာမှ မသန်စွမ်းများအား စာရင်းများကောက်ယူ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဦးစားပေးအဆင့် ၃ ဆင့်ခွဲ၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာကျော်