ပိုင်ကျုံ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတတ်စေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေခြင်း၊ အားကစား စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း စသည့် အကျိုးကျေးဇူးရရှိစေရန် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲကို အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အလွတ်တန်း အပြေး ပြိုင်ပွဲမီတာ (၁၀၀/၂၀၀)၊ ဘောလုံးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက် ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြေးပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားကြပြီး ဒီဇင်ဘာ (၂၉)ရက်နေ့ တွင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)