မိုင်းပျဉ်း ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် Onlineဝန်ဆောင်မှု စနစ်ဖြင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်သန္တာအောင်က စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရရှိစေရန် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယှဉ်တွဲနေထိုင်ခြင်း အနုပညာဆောင်းပါးကို ဆွေးနွေး တင်ဆက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် ပြည်သူ့ဆီသို့ ရှေးရှုသောပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိပြီး နယ်လှည့်
စာကြည့်တိုက်စနစ်ဖြင့်လည်း ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
ခင်သန္တာအောင်