လေးမျက်နှာမြို့ သန့်ရှင်းသာယာ‌ရေးအတွက် စုပေါင်းအမှိုက်‌ကောက်ခြင်းနှင့် သန့်ရှင်း‌ရေး ပြုလုပ်ဆောင်ရွက်

လေးမျက်နှာ ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ယနေ့နံနက် ()နာရီအချိန်က မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် လေးမျက်နှာမြို့ ဗိုလ်ချူပ်လမ်းမကြီးတစ်လျှောက်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဆိုင် ဦးဆောင်သောအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးအောင်ဇေယျ ဦးဆောင်သောဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပေါင်းမြက်များခုတ်ခြင်း၊    မြက်ရိတ်စက်ဖြင့် ဖြတ်ခြင်း၊  သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရှင်းလင်းပြီး အမှိုက်များအား စနစ်တစ်ကျ စုပုံမီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဟိန်း