သတင်းများ

ပေါက်ခေါင်းမြို့၌ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၇၅၁)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များပေးအပ်
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ရေးချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် အကျိုးခံစားခွင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (၃) လစာအတွက်‌ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Dec 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိင်ပွဲများ ကျင်းပ
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို ယမန်နေ့ နေ့လည်က ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ သင်္ဘောဦးကျေးရွာအုပ်စုအတွင်း “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စု (၂၅၃) စုနှင့် နိုင်ငံသား စိစစ်ရေး (၁၁၈၂) ကတ်ပြားအား လက်ဝယ်အရောက် (အခမဲ့) ကွင်းဆင်း ဆောင်ရွက်ပေးခဲ့
Dec 30,2021
“လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း များ ရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး
ကသာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစား
Dec 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအနေဖြင့် တင်းနစ်ဝါသနာပါသူများ စုပေါင်း၍ ကသာမြို့ရှိ ကမ်းသာတင်းနစ်ကလပ်တွင် တင်းနစ်ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်လျက်ရှိသည်။
မိုးညိုမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်း အားကစားပြိုင်ပွဲများကို အ.ထ.က(မိုးညို)တွင်ပြုလုပ်
Dec 30,2021
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-မိုးညို)တွင် ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Dec 30,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ကျဆင်းလာချိန်တွင် မိမိတို့နိုင်ငံအတွင်းသို့ မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက် မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု နောက်ထပ်လှိုင်းတစ်လှိုင်းအဖြစ် ကြီးမားပြင်းထန်စွာ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာက ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ် အားကစားကွင်းနှင့် အားကစားရုံတို့တွင် လာရောက်ကစားသူများဖြင့်စည်ကား
Dec 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ မြို့မအားကစားကွင်းနှင့် အားကစားရုံတို့တွင် ကျောင်းသားလူငယ်များနှင့် ဒေသခံပြည်သူများ အားကစားလာရောက် ကစားခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။