မိုးညို ဒီဇင်ဘာ ၃၀
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-မိုးညို)တွင် ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဆရာ/ဆရာမများက ကြီးကြပ်၍ Grade-9/10 မှကျောင်းသား/ကျောင်းသူ အဖွဲ့(၈)ဖွဲ့တို့က လွန်ဆွဲပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ပြီး Grade-5/6/7/8 မှကျောင်းသား/ကျောင်းသူ အဖွဲ့(၃)ဖွဲ့တို့က ထုပ်စည်းတိုးပြိုင်ပွဲတွင်လည်းကောင်း၊ မူလတန်းအဆင့်(အထက်) ကျောင်းသား၊ကျောင်းသူ ကလေးများက အိတ်စွပ်ပြိုင်ပွဲနှင့် အာလူးကောက်ပြိုင်ပွဲအားလည်းကောင်း၊ မူလတန်းအဆင့်(အောက်) ကျောင်းသား၊ကျောင်းသူများက ပူပေါင်းဖောက်ခြင်းနှင့် မုန့်စားပြိုင်ပွဲအားလည်းကောင်း ပြိုင်ပွဲအသီးသီးကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပြီး ဆုရရှိသောကျောင်းသား၊ကျောင်းသူများကို (၇၄)နှစ်မြောက် လွတ်လပ်ရနေ့တွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(မိုးညို)