သီပေါမြို့နယ် အားကစားကွင်းနှင့် အားကစားရုံတို့တွင် လာရောက်ကစားသူများဖြင့်စည်ကား

သီပေါ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ မြို့မအားကစားကွင်းနှင့် အားကစားရုံတို့တွင် ကျောင်းသားလူငယ်များနှင့် ဒေသခံပြည်သူများ အားကစားလာရောက် ကစားခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

“သီပေါမြို့နယ်မှာ အားကစားကွင်းနဲ့ အားကစားရုံ(၂)ခုရှိပြီး သန့်ရှင်းသပ်ရပ်မှုရှိစေဖို့အတွက် စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ထားရှိပါတယ်။ ယခင်က ကိုဗစ်-၁၉ရောဂါ အများအပြားကူးစက်ပြန့်ပွားမှု  ဖြစ်ပွားနေတဲ့ ကာလ ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ လာရောက်ကစားခြင်းမရှိပါဘူး။ ယခုဆိုရင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နှုန်း၊ ကူးစက်မှုနှုန်းမရှိသလောက်ဖြစ်တဲ့အတွက် ကျောင်းသားလူငယ်များ လာရောက်ကစားနေပြီ ဖြစ်ပါတယ်။ ကျွန်မတို့ ဌာနအနေနဲ့ ကျောင်းတွေ၊ ရပ်ကွက်တွေကို အားကစားနဲ့ ပတ်သက်ပြီး အသိညာပေး ဟောပြောခြင်း၊ အားကစားပစ္စည်းတွေ ထောက်ပံ့ပေးအပ်ပြီး လူငယ်တွေ အားကစားကွင်းထဲရောက်အောင် စည်းရုံးခဲ့တဲ့အတွက် အားကစားကွင်းကြီးမှာ နေ့စဉ်ညနေ ၄ နာရီအချိန်ကစပြီး အားကစားပေါင်းစုံနဲ့ပြန်လည် အသက်ဝင်လာပြီ ဖြစ်ပါတယ်။ အားကစားများအနေနဲ့ကတော့ ကိုယ်ကြိုက်နှစ်သက်ရာအားကစားကို လာရောက်ကစားကြတာ တွေ့ရပါ တယ်။ ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တန်းနစ်၊ ဘောလီဘော၊ Finesse Dance အကနဲ့ အပြေး အားကစားနည်းများ ကစားပြီးစည်းကားလျက်ရှိပါတယ်” ဟု မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သန်းရွှေမာက  ပြောပြခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနက နိုင်ငံတော်၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံမိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊  လူငယ်မောင်မယ်များ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်မှုရှိစေရန်၊ အားကစားကို စိတ်ပါဝင်စားပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားကောင်းများနှင့် နိုင်ငံ့ဂုဏ်ဆောင်မည့် လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်း လာစေရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်၍ လူ့သက်တမ်းစေ့ နေထိုင်သွားလာနိုင်စေရန်အတွက် မြို့နယ် အားကစားကွင်းနှင့် အားကစားရုံတို့မှာ နေ့စဉ်လာရောက် ကစားနိုင်ကြောင်း၊ လိုအပ်သည့် အားကစားပစ္စည်းများကိုလည်း ထုတ်ယူကစားနိုင်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)