ဒေးဒရဲ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို ယမန်နေ့ နေ့လည်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးပြီး စိတ်အပန်းပြေ၊ ပျော်ရွှင်စေရန် လွတ်လပ်ရေးကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်စေရန်၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့် ကျန်းမာ၊ ကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ရိုးရာအားကစားနည်းများဖြစ်သော လွန်ဆွဲပွဲ၊ တုပ်ဆီးတိုး၊ အာလူးကောက်၊ မီတာ(၁၀၀)အပြေး ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး တဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေဇာလင်း