ကသာ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအနေဖြင့် တင်းနစ်ဝါသနာပါသူများ စုပေါင်း၍ ကသာမြို့ရှိ ကမ်းသာတင်းနစ်ကလပ်တွင် တင်းနစ်ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါ ပြိုင်ပွဲကို ကသာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် တင်းနစ် ဝါသနာပါသူများကို ယခုနှစ် ဒီဇင်ဘာလအတွင်း စတင်ယှဉ်ပြိုင် ကစားစေခဲ့ရာ အငယ်တန်းပြိုင်ပွဲတွင် အသက်(၁၂)နှစ်အောက် (၈)ဦးနှင့် အသက်(၁၆)နှစ်အောက် (၇)ဦး၊ အကြီးတန်း တစ်ဦးချင်းပြိုင်ပွဲတွင် (၁၄)ဦး၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် (၂၄)ဦးနှင့် အသင်းလိုက် ပြိုင်ပွဲတွင် (၃)သင်းတို့ဖြင့် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် ဆုရရှိသူများနှင့် အသင်းများအား ဆုများအသီးသီး ချီးမြှင့်ပေး သွားမည် ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)