တနင်္သာရီ ဒီဇင်ဘာလ ၃၀
“လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း များ ရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်-တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ကြွယ်နှင့်ဝန်ထမ်းများက သင်္ဘာဦးကျေးရွာအုပ်စု-ကျောက်လုံးကြီးကျေးရွာ ခရစ်ယာန်ကျောင်းအတွင်း ဒီဇင်ဘာလ (၁၄ ရက် မှ၂၈) ရက်နေ့အထိ (၁၅) ရက်အကြာ နေ့ချင်းအပြီး (အခမဲ့) ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
“ဒီသင်္ဘောဦးကျေးရွာအုပ်စုဆိုတာ ကျနော်တို့ တနင်္သာရီမြို့နယ်ထဲက ဝေးလံခေါင်သီပြီး အသွာအလာ ခက်ခဲဆုံး ဒေသတစ်ခုဖြစ်ပါတယ်။ ကျေးရွာခွဲတွေကလဲများတယ်၊ တစ်ရွာနဲ့တစ်ရွာ ချောင်းကူးမြစ်ခြား သွားလာရခက်လှပါတယ်။ ကျေးရွာသူ/သားတွေအနေနဲ့ မှတ်ပုံတင်ကတ်တို့ အိမ်ထောင်စုတို့လိုချင်လို့ တနင်္သာရီမြို့နယ်ရုံးအထိ လာရောက်ပြလုပ်ဖို့ဆိုတာ လုံးဝမလွယ်ဘူး၊ အင်မတန်မှ သွားလာရခက်ခဲပါတယ်။ ဒါကြောင့်မို့ တိုင်းဦးစီးမှူးနဲ့ မြိတ်ခရိုင်ဦးစီးမှူးတို့ရဲ့ လမ်းညွှန်ချက်တွေအရ ဒေသခံကျေးလက်နေ ပြည်သူများ အား သူတို့လိုအပ်နေတဲ့ နိုင်ငံသားကတ်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေ ရရှိနိုင်ဖို့အတွက် ကျနော်တို့အဖွဲ့က ပန်းခင်းစီမံချက်အစီအစဉ်နဲ့ လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေနဲ့ ကျေးရွာအထိ ပင်ပန်းစွာ ကွင်းဆင်းဆောင်ရွက်၍ လုပ်ငန်းစဉ်(၄)မျိုးနဲ့အညီ နိုင်ငံသားကတ်တွေ အိမ်ထောင်စုလူဦးရေ လစာရင်းတွေကို နေ့ချင်းပြီး လက်ဝယ်အရောက ်ပေးအပ်နိုင်ခဲ့ပါတယ်” ဟု ဦးစီးအရာရှိ ဦးမြင့်ကြွယ်၏ ပြောပြ ချက်အရ သိရသည်။
အဆိုပါ သင်္ဘောဦးကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်(၃/က) ကတ်ပြား- ကျား (၁၅၅) + မ (၁၅၆) ဦး ပေါင်း (၃၁၁) ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင် (၆/က) ကတ် ကျား (၃၃၈) ဦး+ မ (၃၁၁) ဦး၊ ပေါင်း (၆၄၉) ဦး၊ နိုင် (၃/က) မှ နိုင် (၆/က) ကတ်ပြား လဲလှယ်ခြင်းတွင် ကျား (၂၉) ဦး+ မ (၄၈) ဦး၊ ပေါင်း (၇၇) ဦး၊ ကတ်ပြားပျောက်ဆုံး၊ ပျက်စီးသဖြင့် မိတ္တူလျှောက် ထားခြင်းတွင် ကျား (၉၄) ဦး+ မ (၅၁) ဦး၊ ပေါင်း (၁၄၉) ဦး သို့ပါ၍ ကျား (၆၁၆) ဦး + မ (၅၆၆) ဦး၊ စုစုပေါင်း(၁၁၂၈)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေါင်း (၂၅၃) စုတို့အား ပြည်သူများ လက်ဝယ်အရောက် နေ့ချင်းပြီး အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ထပ်ဆင့် သိရှိရ သည်။
နန်းသာရီ-ထိန်ဝင်း