လမိုင်းမြို့ တွင် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ (၇၂)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲပထမအဆင့် ကျင်းပ

လမိုင်း ဒီဇင်ဘာ ၂၆

မွန်ပြည်နယ် ၊မော်လမြိုင်ခရိုင်၊လမိုင်းမြို့ မော့ကနင်ကျေးရွာတွင်YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ ဦးစီးကျင်းပသော (၇၂)ကြိမ်မြောက်(၃၈)ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲပထမအဆင့်  စာမေးပွဲ ကို ကော့ဖယ်ဂြင်ကျောင်း()ကော့လဝဲကျောင်း၌ ယနေ့နံနက်၉နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင်လမိုင်းမြို့အတွင်းရှိနာယကအဖွဲ့ဝင်များ၊ရေးမြို့နယ်YMBAအတွင်းရေးမှူးဦးမျိုးအောင်နှင့်တွဲဖက်အတွင်းရေးမှူး()ဦးကျော်ဇေယျာတို့ကကြီးကြပ်ပေးပြီး၊ဆရာ၊ဆရာမများ၊စာမေးပွဲကျင်းပရေးကော်မတီဝင်များနှင့် အလှူရှင်များမှပံ့ပို့ကူညီဆောင်ရွက်ပေးသည်။

YMBAဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ(၇၂)ကြိမ်မြောက်(၃၈)ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲပထမအဆင့်  စာမေးပွဲ များကိုဖြေဆိုသူအမျိုးသား(၁၂)ဦး၊မ(၃၃)ဦးစုစုပေါင်း(၄၅)ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရှိရသည်။

လမိုင်း(ပြန်/ဆက်)