သတင်းများ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ပေါက်ခေါင်းမြို့ဥပဒေရုံးသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်
Mar 26,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဦးစိုးလွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် တာဝန်ရှိသူများအဖွဲ့သည် ယနေ့နံနက် ၈ နာရီအချိန်က ပေါက်ခေါင်းမြို့ ဥပဒေရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေဦးတွင် နိုင်ငံသားစိစစ်ရေးကတ်အကြောင်း ဗီနိုင်းပိုစတာများ လှည့်လည်ကပ်ထား၌ အသိပညာပေး ရှင်းလင်း
Mar 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူရုံးမှ နိုင်ငံသားစိစစ်ရေးကတ် အရေးပါပုံအကြောင်း အသိပေး ရှင်းလင်းခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ လှည့်လည်ကပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အောင်မင်္ဂလာရပ်ကွက် အားကစားခန်းမနှင့် လူစည်ကားရာ‌ နေရာတို့တွင် ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၂/၂၀၂၂ ဖွင့်ပွဲကျင်းပ
Mar 26,2022
မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ စီစဉ်ဖွင့်လှစ်သည့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၂/ ၂၀၂၂ ဖွင့်ပွဲကို မတ်လ (၂၅) ရက် နံနက်ပိုင်း က ကျိုက်ထိုမြို့၊ မြိုနယ်သာသနာ့ဗိမ္မာန် ၌ ပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ် ဗုဒ္ဓမြတ်စွယ်တော်ကျွန်းကလေးကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော အလိုတော်ပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲ  မင်္ဂလာအခမ်းအနားကျင်းပ
Mar 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ ဗုဒ္ဓမြတ်စွယ်တော် ကျွန်းကလေးကျောင်းတိုက်အတွင်း (၇) ရက်သားသမီးများ ကောင်းမှုဖြင့် တည်ထားကိုကွယ်သည့် အလိုတော်ပြည့်စေတီတော်မြတ်ကြီးအား ထီးတော်စိန်ဖူးတော်တင်လှူပူဇော်ပွဲအခမ်းနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်ရုံးတွင် “(၇၇) နှစ်မြောက် တပ်မတော်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး” Talk Show ကျင်းပ
Mar 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “(၇၇) နှစ်မြောက် တပ်မတော်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့တွင် မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 26,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၃ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ
Mar 26,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေး လုပ့်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ တစ်ကြိမ်မှ မထိုးနှံသေးသူများကို တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံအတွင်း၌ လည်းကောင်း၊ ကျေးရွာ အသီးသီးတို့၌ လည်းကောင်း ဆေးထိုးစုရပ်များ ဖွင့်လှစ်ပြီး စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -
တံတားဦးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဆိုကြမည့် သူများအား ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေး
Mar 26,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုဠ်တန်း စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုမည့်သူများကို ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းကစ၍ တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။