တံတားဦး မတ် ၂၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုဠ်တန်း စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုမည့်သူများကို ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းကစ၍ တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ပင်မစာစစ်ဌာနှင့် အထက- ချောင်းခွ စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန(၂)တို့၌ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ အထက-တံတားဦး (ပင်မ) စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုမည့်သူ (၃၇၄) ဦးရှိပြီး၊ အတွဲ (၁) ဖြေဆိုမည့်သူ (၁၅၁) ဦး၊ အတွဲ(၂)ဖြေဆိုမည့်သူ (၁၈) ဦး၊ အတွဲ(၇)ဖြေဆိုမည့်သူ(၂၀၅)ဦး၊ အပြင်ဖြေဆိုမည့်သူ (၂၂၀) ဦးရှိရာ အတွဲ(၁)တွင်(၆၈)ဦး၊ အတွဲ(၂)တွင်(၇)ဦး၊ အတွဲ(၅)တွင်(၁)ဦးနှင့် အတွဲ(၇)တွင်(၁၄၄)ဦးဖြစ်ပြီး၊ အထက-ချောင်းခွစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုမည့်သူ(၁၄၁)ဦးရှိပြီး၊ အတွဲ(၁)ဖြေဆိုမည့်သူ(၆၄)ဦး၊အတွဲ(၂) ဖြေဆိုမည့်သူ(၃၇)ဦး၊ အတွဲ(၇)ဖြေဆိုမည့်သူ(၄၀)ဦး၊ အပြင်ဖြေဆိုမည့်သူ(၅၀)ဦးရှိရာ အတွဲ(၁)တွင်(၂၄)ဦး ၊အတွဲ(၂)တွင်(၉)ဦးနှင့် အတွဲ(၇)တွင် (၁၇) ဦးဖြစ်သည်။
အဆိုပါ စာစစ်ဌာန(၂)ခုတွင် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား (၃၁၄)ဦး ကျောင်းသူ(၄၇၁) ဦး စုစုပေါင်း(၇၈၅)ဦးဖြစ်ရာ၊ အတွဲ(၁)တွင်(၂၉၄)ဦး၊ အတွဲ(၂)တွင်(၇၁)ဦး၊ အတွဲ(၅)တွင်(၁)ဦး၊ အတွဲ(၇)တွင် (၄၀၆)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည။
ရဲတင့်