ရေနံချောင်းမြို့တွင် မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရေနံချောင်း မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၃ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

မဟာသင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအလိုက်နှင့် လမ်းမတော် လမ်းမ တစ်လျောက်တွင် ရေကစားမဏ္ဍာပ်များထိုး၍ အဆို၊ အကများဖြင့် ဧည့်ခံခြင်း၊ စတုဒီသာများ ကျွေးခြင်းများ ဆောင်ရွက်နိုင်ရေး၊ ရေကစားမဏ္ဍာပ်များ အကြိုနေ့တွင် ဖွင့်ပွဲကျင်းပကာ မြို့နယ်ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များ၊ အဆို၊ အတီးများဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်ရေးတို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက် လာကြသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ပြန်လည်တင်ပြမှုများကို  ညှိနှိုင်းဆွေးနွေး မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ငြိမ်းငြိမ်းအိ