မိုးညိုမြို့နယ် ဗုဒ္ဓမြတ်စွယ်တော်ကျွန်းကလေးကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော အလိုတော်ပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲ  မင်္ဂလာအခမ်းအနားကျင်းပ

မိုးညို      မတ်      ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ ဗုဒ္ဓမြတ်စွယ်တော် ကျွန်းကလေးကျောင်းတိုက်အတွင်း (၇) ရက်သားသမီးများ ကောင်းမှုဖြင့် တည်ထားကိုကွယ်သည့် အလိုတော်ပြည့်စေတီတော်မြတ်ကြီးအား ထီးတော်စိန်ဖူးတော်တင်လှူပူဇော်ပွဲအခမ်းနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုခဲ့သည်။

ရှေးဦးစွာ အခမ်းနားကိုနမ္မောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီး မိုးညိုမြို့နယ်  ရေချမ်းအိုး ကျောင်းတိုက် ဆရာတော်ဦးဥတ္တမသာရထံမှ တရားတော်နာယူကြကာ  တက်ရောက်လာသော အလှူဒါယကာ၊ ဒါယိကာမများက ရွှေထီးတော်၊ စိန်ဖူးတော်နှင့် အရံစေတီတော်များတွင် တင်လှူမည့်ထီးတော်များအား ဆရာတော်များထံကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် ထီးတော်နှင့် စိန်ဖူးတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အလှူရှင်များက ထီးတော်နှင့် စိန်ဖူးတော်တို့အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး ဆရာတော်  သံဃာတော်များကအမွှေးနံ့သာရည်များ ပက်ဖျန်း၍ အလိုတော်ပြည့် စေတီတော်မြတ်ကြီး အား မြဟင်္သာရွှေထီးတော်တင်အဖွဲ့ဖြင့် တင်လှူခဲ့ကြသည်။

အခမ်းအနားသို့ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင် အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)