သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Apr 05,2022
တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လက်ပံတန်းမြို့နယ်တွင် သမဝါယမအသင်းစုလီမီတက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတ်းမြို့နယ် သမဝါယမအသင်းစုလီမီတက်အသင်းစုတွင် China EXIM Bank ချေးငွေနှင့် daedong ကြွေးကျန်များ ပြန်လည်ကောက်ခံပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လက်ပံတန်းမြို့နယ် သမဝါယမလုပ်ငန်းအသင်းစုရုံး၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့အဖြစ် ရူပဗေဒဘာရပ်ကို ဆက်လက်ဖြေဆို
Apr 05,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၃၁ ရက်နေ့မှစတင်ပြီး ဖြေဆိုလျက်ရှိရာ ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ပဥ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၅၅၅)ဦးမှ အေးချမ်းစွာ ဆက်လက်ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
မြေပုံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို
Apr 05,2022
ခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်အားယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာတစ် နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျက်ရှိရာ မြေပုံမြို့နယ်အတွင်း စာစစ်ဌာန(၈)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆၁၇)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 
ကွတ်ခိုင်မြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Apr 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က Book Club ၊ Women Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ နတ်ပေးကျေးရွာအုပ်စု ဆေးထိုးစုရပ်တွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
လက်ပံတန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး  ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်၊ တစ်မြို့နယ်လုံး အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ် ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝလွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုက်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ(ရူပဗေဒ)ဘာသာရပ် ဆက်လက်ဖြေဆို
Apr 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျည်းမနားမြို့နယ်တွင် ၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ(ရူပဗေဒ)ဘာသာရပ်အား ယနေ့ နံနက် (၉)နာရီမှ စတင်ကာ စာစစ်ဌာနအလိုက် စတင်ဖြေဆိုကြကြောင်း သိရသည်။