ဟင်္သာတ ဧပြီ ၅
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၃၁ ရက်နေ့မှစတင်ပြီး ဖြေဆိုလျက်ရှိရာ ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ပဥ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၅၅၅)ဦးမှ အေးချမ်းစွာ ဆက်လက်ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ဟင်္သာတမြို့နယ်အတွင်း စာစစ်ဌာန (၁၃)ခုသတ်မှတ်ထားပြီး စာစစ်ဌာနများတွင် ရူပဗေဒဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၁၆၆၄)ဦးရှိသည့်အနက် ပျက်ကွက် (၁၀၉)ဦးရှိရာ ဖြေဆိုမှုရာနှုန်း (၉၃.၄၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဟင်္သာတခရိုင်အတွင်း စာစစ်ဌာန (၅၁)ခုဖွင့်လှစ် စစ်ဆေးခဲ့ပြီး ယနေ့တွင် လာရောက်ဖြေဆိုသူပေါင်း (၃၄၁၉)ဦးနှင့် ဖြေဆိုရန်ပျက်ကွက်သူ (၂၂၇) ဦးရှိရာ ဖြေဆိုရာနူန်း ( ၉၃.၇၇)ရာနူန်းဖြစ်ပြီး ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ အောင်မြင်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇော်