သတင်းများ

နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Mar 24,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က နမ္မတူမြို့နယ်၊ မြို့မဈေးအနီး ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်များ ထုတ်‌‌ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိသည်။
ဘီးလင်းမြို့နယ်၌ အခြေခံပညာ ဆရာ၊ ဆရာများအား ကျောင်းကျန်းမာရေး ပညာပေးခြင်းဆိုင်ရာ အဆင့်မြှင့် သင်တန်းဖွင့်လှစ်
Mar 24,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများအား ကျောင်းကျန်းမာရေး ပညာပေးခြင်းဆိုင်ရာ အဆင့်မြှင့် သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အထက (ကန်သာယာ)ကျောင်း၌ ကျင်းပပြုလုပ်သည်။
လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲသံတွဲ၌ကျင်းပ
Mar 24,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့်လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ) ငကျော်တောင်ကျောင်း၌ ကျင်းပ ပြုလုပ်သည်။
ဖျာပုံမြို့နယ်တွင် အခြေခံလူဉီးရေစာရင်း ပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်း ပြုစု နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အခြေခံလူဉီးရေစာရင်း ပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်း ပြုစုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတ်လ. ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက မဟာဇနကစာသင်တိုက်၊ ဝဏ္ဏဗိမာန်တော်တွင်ကျင်းပရာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ ရွှေအင်းရိပ်သာစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ မြို့ဦးစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝနှင့် မဟာဇနကစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝဏ္ဏရဟတို့က သြဝါဒကထာမြွက်ကြားခဲ့သည်။
ကျိုက်မရောမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ စတင်ဖွင့်လှစ်သင်ကြားပေး
Mar 24,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အားကစားနှင်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံအားကစား သင်တန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ အ.ထ.ကခွဲ ကျိုက်မရောခန်းမ၌ သင်ကြား လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများ လက်ဝယ်အရောက်ပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော တိုးကျေးရွာအုပ်စု တိုးကျေးရွာနှင့် ဆားကျင်းကျေးရွာတို့ရှိ ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ယမန်နေ့ နေ့လယ်ပိုင်းက တိုးကျေးရွာသို့ ကွင်းဆင်းသွားရောက်၍ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။