မြေပုံ ဧပြီ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာတစ် နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျက်ရှိရာ မြေပုံမြို့နယ်အတွင်း စာစစ်ဌာန(၈)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆၁၇)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ အတွင်းစည်း၊ အပြင်စည်း များဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျက်ရှိသည်။ မြေပုံမြို့နယ်တွင်းရှိစာ စစ်ဌာန (၈)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲရူပဗေဒ ဘာသာအားဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်း သူစုစု ပေါင်း (၁၆၁၇)ဦးရှိပြီး အထက-မြေပုံ စာစစ် ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၄၃၉)ဦး၊ အထက-သဲတန်း စာစစ်ဌာနတွင်(၂၄၃)ဦး၊ အလက(ခွဲ)ကံသာထွက်ဝ စာစစ်ဌာနတွင်(၈၅)ဦး၊ အထက-ကြာအင်းတောင် စာစစ်ဌာနတွင်(၁၁၇)ဦး၊ အထက-ရက်ချောင်း စာစစ်ဌာနတွင်(၁၀၅)ဦး၊ အထက-ယိုးဆနွင်း စာစစ်ဌာနတွင်(၄၆)ဦး၊ အထက-ကမ်းထောင်းကြီး စာစစ် ဌာနတွင်(၄၅၉)ဦး၊အထက-သရက်တောင် စာစစ်ဌာနတွင်(၁၂၃) ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တင်ဝင်း