ကွတ်ခိုင်မြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကွတ်ခိုင် ဧပြီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က Book Club ၊ Women Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာနတ်သျှင်ရေးသားသော "လူငယ်များ၏ ရွှေရောင်မနက် ဖြန်" စာအုပ်အား စာဖတ်ဝိုင်းဆောင်ရွက်ရာ Book Club အသင်းမှ ဒေါ်‌အေးမှုံ က "နွေရာသီကျောင်းပိတ်ရက်လေးများ" ခေါင်းစဉ်အားလည်း‌ကောင်း၊ ဒေါ်ဝင်းနိုင်ကပြည့်ဝ‌သော အ‌မွေကိုပေးကြပါ" ခေါင်းစဉ်ကိုလည်းကောင်း ဆွေးနွေးခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းသို့ Book Club အသင်းဝင်များနှင့် Women Club အသင်းဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးဌေး(ကွတ်ခိုင်)