ညောင်တုန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ညောင်တုန်း ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ နတ်ပေးကျေးရွာအုပ်စု ဆေးထိုးစုရပ်တွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးအတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီ ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ‌သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်တွင် ရာနှုန်းပြည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနှိုင်ရေးအတွက် စဉ်ဆက်မပျက် စီစစ်ကြပ်မတ်၍ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)