သတင်းများ

ဝါးခယ်မမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မီးသတ်ဦးစီဌာနမှ ဝန်ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ည ၆ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံ
Apr 04,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းကသက်ဆိုင်ရာစုရပ်များနှင့် မြို့အဝင် ဂိတ်တို့တွင်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
မိုင်းယုမြို့၌ တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းစီအတွက် ဆွမ်းဆန်တော်များ ဆက်လက် လှူဒါန်း
Apr 04,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မိုင်းယုမြို့ ဒေသသတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းစီ ဆွမ်းဆန်တော်များကို လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ဝမ်ဖောဘုန်းကြီးကျောင်းသို့ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ပြင်စလူမြို့နေ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ပြင်စလူမြို့နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁:၃၀ နာရီအချိန်ခန့်က ပြင်စလူမြို့ဆေးရုံ ရှယ်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာ​မေးပွဲ စာစစ်ဌာနများရှိ ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများအား ထောက်ပံ့​ငွေပေးအပ်
Apr 04,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာ​မေးပွဲ စာစစ်ဌာနများရှိ ကြီးကြပ်ရေးမှူး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့နေ့လယ်ပိုင်းတွင် စာစစ်ဌာန များသို့ သွား​ရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မြစ်ကြီးနားမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ၊ ပြန်ကြားရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး
Apr 04,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံအား ကြည့်ရှုစစ်ဆေးသည်။
ကသာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းလက်မှုပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား
Apr 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် အမျိုးသမီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပန်းလက်မှုပညာများကို သိရှိနားလည်ပြီး စိတ်ဝင်စားစွာ လုပ်ဆောင်တတ်စေရန်ရည်ရွယ်၍ အမျိုးသမီးလူငယ်များအား ပန်းလက်မှု ပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အခမဲ့ စတင်ဖွင့်လှစ်သင်ကြားသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ  ဇီးပင်ကြီးတဲတိုက်နှင့်နဖူးပြားတဲတိုက်သို့ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း
Apr 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ယနေ့ နံနက် ၉နာရီအချိန်ကသောက်သုံး ရေဂါလံ၃၂၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်းအေးမေတ္တာသောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံမှသိရသည်။