ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲများ ပဉ္စမနေ့ ဆက်လက်ဖြေဆို

ကန့်ဘလူ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုတွင် ပဉ္စမနေ့ ရူပဗေဒဘာသာရပ် (တွဲ- ၁၊ တွဲ- ၇၊ တွဲ- ၈)အား ကျောင်းသား ၄၂၇ ဦး၊ ကျောင်းသူ ၆၅၆ ဦး စုစုပေါင်း ၁၀၈၃ ဦး အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ် (တွဲ- ၁၊ တွဲ- ၇၊ တွဲ- ၈) ကို ကန့်ဘလူ မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား ၅၀၄ ဦး၊ ကျောင်းသူ ၇၂၆ ဦး စုစုပေါင်း ၁၂၃၀ ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား ၄၂၇ ဦး၊ ကျောင်းသူ ၆၅၆ ဦး စုစုပေါင်း ၁၀၈၃ ဦးရှိကာ ပျက်ကွက် ၁၄၇ ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၈၈ ဒသမ ၀၅ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကန့်ဘလူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပညာရေးဌာနတာဝန်ရှိသူများက လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာ စာစစ်ဌာနများ အလိုက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)