မိတ္ထီလာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၅

မိတ္ထီလာမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မိတ္ထီလာကန်အလယ်ရှိ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်အနီးတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲတွင် မိတ္ထီလာကန်အတွင်းသို့ ငါးသားပေါက်အကောင်ရေ ၂ဝဝဝဝ ကောင်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများက ဇီဝိတဒါနအဖြစ် စုပေါင်းလွှတ်ပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ